Saturday, September 24, 2011

Photobucket မှာပဲ ကိုယ့်ဓါတ်ပုံတွေ အပေါ်မှာ ကိုယ်လိုချင်တဲ့စာသားလေးတွေရေးကြမယ်..

Photobucket မှာပဲ ကိုယ့်ဓါတ်ပုံတွေ အပေါ်မှာ ကိုယ်လိုချင်တဲ့စာသားလေးတွေရေးကြမယ်..

ဒီတစ်ခါလည်း မျိုး တို့က Photobucket မှာပဲ ကိုယ့်ဓါတ်ပုံတွေ အပေါ်မှာ
ကိုယ်လိုချင်တဲ့စာသားလေးတွေရေးကြမယ်...

(မြန်မာ လိုတော့မရပါ အင်္ဂလိုသာ ရေးသားနိုင်တာပါ...)

(၁)-ဖိုတိုဘက်ကပ်က ကိုယ်လိုချင်တဲ့ပုံတစ်ပုံကို ဖွင့်လိုက်ပါ...
ပုံလေးကို ထောက်လိုက်ရင် အပေါ်နားလေးမှာ Edit ဆိုတာလေးကို ကလစ်လိုက်ပါ...
Image Hosting by PictureTrail.com

(၂)-Basic ( Crop - Resize - Rotate - Flip - Adjust )
ဒါတွေကလည်း ဓါတ်ပုံကို ကြိုက်သလို လုပ်ယူနိုင်တဲ့ နေရာလေးတွေပါ ...
လိုက်လုပ်ကြည့်ပါနော် သိလာပါလိမ့်မယ်...
Image Hosting by PictureTrail.com

(၃)-Decorate ဆိုတာကိုကလစ်လိုက်ပါ...
Image Hosting by PictureTrail.com

Text - ရိုးရိုး စာရေးမယ်
Glitter Text - စာလေးတွေ လှုပ်ရှားအောင် ရေးမယ်
Stickers - ကိုယ်လိုချင်တဲ့ စတေကာလေးတွေ ထည့်မယ်
Borders - ဘေးဘောင်လေးတွေနော်...

(၄)-လိုချင်တဲ့စာသားလေးတွေ ရေးမယ်...
စာလေးတွေရေးပြီးတဲ့အချိန်မှာ စာသားက အဖြူရောင်ဘက်ဂရောင်းဖြစ်နေပါလိမ့်မယ်...
Image Hosting by PictureTrail.com

(၅)-နောက်ခံကို ပလိန်းလိုချင် ညာဘက်ဘေးနားမှာ Transparent ဆိုတာလေးကို အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ...
Image Hosting by PictureTrail.com

(၆)-ဒီလိုလေးမှ ဘက်ဂရောင်းက ပလိန်းဖြစ်ပြီး စာသားတွေက ကြည့်လို့လှမှာပါ...
ပြီး အောက်နားမှာပဲ စာလုံးဒီဇိုင်းပြောင်းမယ် အရောင်ပြောင်းမယ် အားလုံးလုပ်ဆောင်သွားပါ...
စာသားကို စိတ်ကြိုက်ဖြစ်ပြီဆိုရင်...စတေကာလေးတွေ ထည့်ပါ...
စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Save a Copy ကို ကလစ်ပေးပြီးသိမ်းလိုက်ပါ...
Image Hosting by PictureTrail.com


(၇)-သိမ်းပြီးပြီ ဆိုရင်တော့ မျိုး တို့လုပ်ဆောင်မှူအားလုံးပြီးသွားပါပြီ...
ရလာမဲ့ ပုံလေးကတော့ ဒီပုံစံလေးပဲ ဖြစ်ပါတယ်...
Image Hosting by PictureTrail.com


မျိုးဆိုလိုချင်တာက ဖိုတိုဘက်ကပ် တစ်ခုထဲနဲ့ ပုံတွေကို ကိုယ်ကြိုက်သလို လုပ်ဆောင်သွားလို့ရပါတယ်
လိုသလို ချဲ့မယ် သေးမယ် ဒီဇိုင်းယူမယ် စာေ၇းမယ် စသဖြင့် လုပ်ဆောင် နိုင်တာကို အားလုံးကို သိစေချင်လို့
ဝေမျှ ပေးလိုက်ပါတယ်နော်...

အားလုံးပဲ
အဆင်ပြေစေဖို့
မျိုး

No comments:

Post a Comment