Saturday, September 17, 2011



မဖြစ်သင့်သော ပင်ပန်းနွမ်းနယ်မှုများကို အဝေးလွှင့်ပစ်ကြပါစို့
စက်တင်ဘာလ 15, 2011 တွင် 12:36am မှာ တာရာ မှ တင်သွင်းခဲ့သည်။
စာပို့မယ်   View Blog
နေ့စဉ် မနက်ခင်းတစ်ခုကို ရောက်ပြီ ဆိုရင် ကျွန်တော်တို့ အားလုံးဟာ မျက်စိတံခါးတွေကို ဖွင့်ပါတယ်။ ပြီးတော့ အိမ်တံခါးတွေကို ဖွင့်ပြီး မျှော်လင့်ချက် တံခါးတွေကို ဖွင့်ဖို့ ထွက်ခွာလာကြ ပါတယ်။ အဲဒီနောက် ကိုယ်နဲ့သက်ဆိုင်ရာ အလုပ်တွေကို လုပ်ရပါတယ်။ အားလုံုံး နေ့ဝက်ကျော်ရင် စတင် ပင်ပန်းစပြုလာကြပြီး ညနေပိုင်းမှာ စွမ်းအားတွေလျော့လာသလို ခံစားရပါတယ်။ အလုပ်အနည်းအများပေါ်လိုက်ပြီး ပင်ပန်းနွမ်းနယ် ခြေကုန် လက်ပန်းကျမှု ပေါ်လာကြပါတယ်။ ဒါဟာ စိုးရိမ်စရာရောဂါ တစ်ခု မဟုတ်ပါဘူး။ ဒါဟာ သာမန်ဖြစ်စဉ်သာ ဖြစ်ပါတယ်။
ဒါပေမဲ့ အရာအားလုံး စတင်တဲ့ မနက်ပိုင်းအချိန်မှာ ကတည်းက (ထွေထွေ ထူးထူး ဘာမှလဲ မလုပ်ရသေးဘဲနဲ့) ပင်ပန်းနွမ်းနယ်နေတယ်၊ အားမရှိသလို ခံစားနေရတယ်၊ အိပ်ချင်မူးတူးဖြစ်နေ တယ် ဆိုရင်တော့ ဒါဟာ သာမန်ဖြစ်စဉ် မဟုတ်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ လူတိုင်းလူတိုင်း ဒီလို အနေအထားမျိုး ခံစားဖူးမှာပါ။ အဲဒီမှာမှ နေ့စဉ်ရက်ဆက် မိုးလင်းကတည်းက စပြီး ပင်ပန်းလွန် ခြင်း (Fatigue) ခံစားနေရတယ် ဆိုရင် တော့ ပိုပြီး စိုးရိမ်စရာ ဖောက်ပြန်မှု။ နေမကောင်းမှု (Disorder) တစ်ခု ဖြစ် လာပါပြီ။ ဒါကြောင့် ကျွန်တော်တို့ကို ပင်ပန်းနွမ်းနယ် အားယုတ်နေစေခြင်းရဲ့ အကြောင်းအရင်းများနဲ့ ဖြေရှင်းနည်း များ ကို ဖော်ပြပေး လိုက်ပါတယ်။ ဒါတွေကို သိရှိမှတ်သားပြီး လိုအပ်သလို ကျင့်သုံး ကာ ဖျတ်လတ်သွက်လက်သော ခန္ဓာ ကိုယ်နဲ့ ပျော်ရွှင် လန်းဆန်းဖွယ် နေ့ရက် များကို ပိုင်ဆိုင်နိုင်ကြပါစေ။
(၁) အိပ်ရေးမဝခြင်း
တစ်ညတာ အိပ်ရေး မဝရင် နောက်နေ့ နေ့တစ်ဝက်လောက် အထိ မလန်းဆန်းတာ သဘာဝပါပဲ။ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်တဲ့ အလေ့ အကျင့်ရှိရင်တော့ အိပ်ရေးဝတဲ့ ရက်တွေ ပြန်ရောက်လာရင် တောင် တော်တော် နဲ့ ပြန်ကောင်းမလာ တတ်တာမို့ တစ်ရက် တာ အားပြည့် လန်းဆန်းမှုမှာ အိပ်ရေးဝခြင်းဟာ အရေးကြီးဆုံး အခန်းကဏ္ဍက နေရာယူ ထားတယ်လို့ ဆိုနိုင်ပါတယ်။ အိပ်ရေး ပျက်ရင် အဓိက ထိတာက အာရုံ စူးစိုက် နိုင်စွမ်း၊ ဖန်တီးတွေးခေါ်နိုင်စွမ်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား ပဲဖြစ်ဖြစ်၊ လုပ်သားပဲဖြစ်ဖြစ် ဘယ်သူမှ အိပ်ရေး မပျက်သင့်ပါဘူး။ နေ့စဉ် ကာယ အား ဥာဏအား စိုက်ထုတ်နေရသူတိုင်း ဟာ အနည်းဆုံး အိပ်ချိန် ခုနစ်နာရီမှ မရှိ ရင် အဘက်ဘက်က ကျဆင်း လာတတ် တယ်လို့ သုတေသနများအရ သိရပါ တယ်။ ဦးနှောက် အရမ်း အသုံးချရသူ တွေဆိုရင် အိပ်ချိန်ရှစ်နာရီ လိုတယ်လို့ သိရပါတယ်။ (ဒီကမ္ဘာကြီးပေါ်မှာ အရမ်း ကိုနည်းတဲ့ ရာခိုင်နှုန်းသာရှိတဲ့ လူသား များဖြစ်ပြီး သက်ဆိုင်ရာ အောင်လံတစ်လက် စီ လွှင့်ထူကြတဲ့ ပါရမီရှင်ပုဂ္ဂိုလ်များ ကတော့ တစ်ရက်ကို လေး၊ ခြောက်နာရီ လောက်ပဲ အိပ်ကြတယ်လို့ ဆိုပါတယ်။ တခြားရှု့ထောင့်တွေ မပါဘဲ ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင်တော့ ဘယ် နည်းနဲ့မှ မကောင်းပါဘူး)
ဖြေရှင်းနည်း
-သင့်အတွက် တစ်ဘဝလုံးစာ အရေးပါတဲ့ အိပ်စက် နားနေခြင်းကို ဦးစားပေးဖို့ အချိန်မှန် နေထိုင်မှုပုံစံဇယား(Regular Schedule) တစ်ခု ဖန်တီးနေထိုင် သင့်ပါတယ်။ အိပ်ချိန်ရောက် ပြီဆိုရင် တတ်နိုင်သမျှအလင်း ရောင်၊ လှုပ်ရှားမှု ပုံရိပ်တွေနဲ့ ဦးနှောက်အာရုံကို ဖမ်းစားပြီး နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောင့် အယှက်ပေးမယ့် ရုပ်မြင်သံကြား၊ ကွန် ပျူတာ၊ ဂိမ်းစက် စတာတွေ သုံးစွဲခြင်းကို သတ်မှတ်ထားတဲ့ အိပ်ချိန် မရောက်ခင် တစ်နာရီလောက် အလိုမှာ စတင်ရပ်တန့် နိုင်ဖို့ကြိုးစားပါ။
(၂) အိပ်ပျော်နေစဉ် ဟောက်ခြင်း
အိပ်ချိန်ပြည့်ပါလျက်နဲ့ နေတစ် နေ့ အိပ်ရေး မဝသလို ခံစားရတတ်ခြင်း ဟာ အိပ်ပျော်နေစဉ်ဟောက်ခြင်းကြောင့် ဖြစ်ဖို့များပါတယ်။ ပါးစပ်နဲ့ နှာခေါင်း ပေါက်ကို ဖြတ်သန်းတဲ့ ဝင်လေထွက်လေ လမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဟောက် ရတာ ဖြစ်ပါတယ်။ လည်မျိုရဲ့အတွင်း နံရံက ကြွက်သားတွေ အသက်ရှူစဉ်မှာ တုန်ခါတဲ့အတွက် ခူးခူးခေါခေါ ဆိုတဲ့ ဟောက်သံ ထင်ရှားပေါ်လာတာ ဖြစ်ပါ တယ်။ ဟောက်တတ်သူတွေရဲ့ဦးနှောက် ဟာ နာရီဝက် တစ်ကြိမ်လောက် တစ်ခါ ပြန်ပြန်နိုးတတ်ပါတယ်။ တစ်ခါနိုးရင် စက္ကန့်ပိုင်းလောက်ပဲကြာပြီး လူတစ်ကိုယ် လုံး အပြည့်ပြန်နိုးတာ မဟုတ်တဲ့အတွက် အိပ်နေသူကတော့ အဲလို ပြန်ပြန်နိုးနေ ပါလားဆို တာ မသိရပါ ဘူး။ ဒါပေမဲ့ ဦးနှောက်က အပြည့်မနားရလို့ နောက်နေ့ အိပ်ရာနိုးရင် အိပ်ရေး မဝသလို အင်အား မပြည့်သလို ခံစားရတတ်ပါတယ်။
ဖြေရှင်းနည်း
- မဟောက်အောင် ဖြေရှင်းရပါမယ်။ ကိုယ်အလေးချိန် ချဖို့ ကြိုးစားပါ။ တစ်ပတ်အတွင်း နှစ်ပေါင် လောက်စီ ကျသွားရင်ပဲ အလုပ်ဖြစ်ပါ ပြီ။ ပက်လက်နဲ့ မှောက်လျက် အိပ်ခြင်း များကို အလေ့အကျင့် လုပ် ရှောင်ကြဉ် ပြီး ဘေးစောင်းအိပ်တဲ့ အကျင့်ကို မွေးမြူ ပါ။ အကောင်းဆုံး အိပ်နည်းကတော့ ညာ ဘက်ကို စောင်းအိပ်တာ ဖြစ်ပါတယ်။ အိပ်ရာရဲ့ ခေါင်းရင်းဘက်ကို လေးလက်မ လောက် အပေါ်မြှင့်အိပ်ရင် လေပြွန်ပိတ် ဆို့မှုတွေ သက်သာလို့ အဟောက်လျော့ပါး သွားတာ တွေ့ရပါတယ်။ တတ်နိုင်သမျှ သဘာဝအတိုင်း အိပ်ပျော်အောင် ကြိုးစား ပါ။ အိပ်ဆေးသောက် မအိပ်ဘဲ အိပ်ခါနီး ငှက်ပျောသီး၊ နွားနို့၊ ကွေကာအုပ် စတဲ့ အစားအစာများ အနည်းငယ်စားခြင်း ဖြင့် အိပ်ပျော်အောင် ကြိုးစားပါ။
(၃) ခန္ဓာကိုယ်အတွက် လောင်စာ မလုံလောက်ခြင်း
ကျန်းမာရေးအတွက် မကောင်းစေ တဲ့ အစားအသောက်တွေ အလွန်အကျွံ စားခြင်းဟာ သင့်အတွက် ပြဿနာဖြစ် လာနိုင်ပါတယ်။ ဒါပေမဲ့ အစာလုံလောက် စွာမစားခြင်း၊ မနက်စာ မစားခြင်းတို့ဟာ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေပါတယ်။ ကိုယ်က စိတ်ဖိစီးမှုကြောင့် အလုပ် ဆက်လုပ်ဖြစ်နေပေမယ့် သွေးတွင်း သကြားဓာတ် ကျဆင်းလာတဲ့ အခါမှာ ခန္ဓာကိုယ်က မလိုက်နိုင်တော့တာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း
- မနက်စာကို မဖြစ် မနေစားပါ။ မနက် စာမှာ အသားဓာတ် ပါဝင်အောင် စား နိုင်ရင် ကျန်းမာ ရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကာယအလုပ် ဥာဏအလုပ် ဘယ် အလုပ် ဖြစ်ဖြစ် ပြင်းထန်စွာ အားထည့် လုပ်နေရရင် အစာ အာဟာရ တစ်နည်း နည်းနဲ့ ဖြည့်ဖို့ကြံစည်ပါ။ ပုံမှန် စားသောက်နေထိုင်တဲ့ ပုံစံတိုင်း အတွက် ဇီဝနရီ (Bioclock) အရ နေ့လယ်စာ စားချိန်ကတော့ နေ့လယ် ၃ နာရီကနေ ၃ နာရီခွဲကြားဖြစ်တယ်လို့ လေ့လာ တွေ့ရှိထားရပါတယ်။
(၄) သွေးအားနည်းနေခြင်း
အမျိုးသမီး အများစုမှာ သွေးအား နည်းခြင်းဟာ ဘာမှန်း မသိဘဲ ပင်ပန်း နွမ်းနယ်နေခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်နေတတ်တာ တွေ့ရ ပါတယ်။ အမျိုးသားတွေကျတော့ များ သောအားဖြင့် အသားဓာတ်ကို အမျိုး သမီးတွေ ထက်စာရင် မက်မက်စက်စက် ပိုစားဖြစ်တာရယ်၊ အမျိုးသမီးတွေလို လစဉ် သွေးဆုံးရှုံးမှု မရှိတာရယ်ကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သွေး အားနည်းရောဂါရဲ့အဖြစ်အများဆုံးအနေ အထားတွေက သံဓာတ်ချို့တဲ့ခြင်းနဲ့ Vitamin B12 ချို့တဲ့ခြင်းတွေ ဖြစ် ကြောင်း တွေ့ရှိရပါတယ်။ သွေးဟာ ခန္ဓာကိုယ် တစ်ခုလုံးကို အောက်ဆီဂျင်နဲ့ အာဟာရ တွေ ဖြန့်ဝေပေးတဲ့ အရေးကြီးဆုံး သယ် ယူပို့ဆောင်ရေး လမ်းကြောင်း ဖြစ်တာမို့ သွေးအားနည်းခြင်းဖြင့် ဆဲလ်တွေ စွမ်း အင်ကောင်းကောင်း မရတော့ဘဲ ပင်ပန်း နွမ်းနယ် မူးဝေလာတတ်ပါတယ်။
ဖြေရှင်းနည်း
- သွေးအားနည်း ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းခံ ရောဂါတွေ အများကြီး ရှိပြီး စစ်ဆေးကု သမှုခံယူရမှာ ဖြစ်ပါတယ်။ သံဓာတ်နဲ့ ဗီတာမင် B12ချို့တဲ့ခြင်းကို နှစ်မျိုးစလုံး ပါတဲ့ သွေးအားဖြည့်ဆေးတွေ သောက် သုံးခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင် ပါတယ်။ သဘာဝ အစားအသောက်တွေ ထဲက အသား၊ အသည်း၊ ကလီစာ၊ ပဲကြီး၊ ကွေကာအုတ်၊ နို့၊ ဂျုံကဲ့သို့ နှံစားသီးနှံ များ၊ ပုစွန်၊ ကဏန်း စတဲ့ အခွံပါတဲ့ သတ္တဝါတွေကို စားသောက်ခြင်းဖြင့် အထောက်အကူကောင်းစွာ ပြုပါတယ်။
(၅) စိတ်ဓာတ်ကျနေခြင်း
စိတ်ဓာတ်ကျခြင်းဟာ စိတ်ခံစား မှုဆိုင်ရာ ထိခိုက်မှု (Emotional Disorder) တစ်ခုလို့ပဲ အများစုက ထင်ကြပါ တယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ပေါ်လာ စေတဲ့ အထိ သက်ရောက်မှု ရှိပါတယ်။ ခြေတွေ လက်တွေ မသယ်ချင်သလို ပင်ပန်းနွမ်းနယ်မှုတွေ အပြင် ခေါင်းကိုက် ခြင်း၊ ပါးစပ်ပျက်ခြင်း၊ သွားကိုက်ခြင်း၊ မျက်ခုံးမျက်ခမ်းလှုပ်ခြင်း၊ လည်ပင်း ကြွက်သားတွေ နာကျင်တောင့်တင်း ခြင်း၊ အိပ်ချင်စိတ် တစ်ချိန်လုံး ပေါ်နေ ခြင်း စတာတွေကပါ စိတ်အားလျော့ကျ နေခြင်းရဲ့ သက်ရောက်မှု လက္ခဏာတွေ ဖြစ်ကြောင်း လေ့လာတွေ့ရှိထားရပါ တယ်။ စိတ်ကျဝေဒနာဟာ နှစ်ပတ်နဲ့ အထက် ကြာလာပြီဆိုရင် ဆေးကုသမှု ခံယူဖို့ လိုလာပြီဖြစ်ပါတယ်။
ဖြေရှင်းနည်း
- စိတ်ဓာတ်ကျ စရာတွေကို အလွန်အမင်း နှလုံးသွင်းနေ တတ်တဲ့ အကျင့်ကို ပြင်ဆင်ပါ။ ခေါင်း အေးအေးနဲ့ ကိုယ် ဘာတွေပြောင်းလဲလုပ် ဆောင်နိုင်မလဲဆိုတာ တွေးပါ။ မနက် ခင်း နေရောင်အောက်မှာ ၁၅ မိနစ်လောက် နေပေးပါ။ ဗီတာမင်ဘီ အုပ်စုနဲ့ စီ ပါဝင် တဲ့ ဆေးဝါးအချို့ မှီဝဲပေးပါ။ (ဥပမာ- Enervon-C, Stress Gemာ စသည်) စိတ် ဖိစီးမှုကို သက်သာစေတဲ့ အစားအသောက် တွေကတော့ ချောကလက်၊ ငှက်ပျောသီး မှည့်၊ အရည်ရွှမ်းတဲ့ အသီးအနှံများ စတာတွေ ဖြစ်ပါတယ်။
(၆)သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါ
သိုင်းရွိုက်ဂလင်း (Thyroid) ဆို တာ လည်ပင်းအောက်ခြေနားက သိုင် ရော်စင်း(Thyroxine) ခေါ် သိုင်းရွိုက် ဟော်မုန်း ထုတ်ပေးတဲ့ ဂလင်းဖြစ်ပါ တယ်။ ဒီဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင် ထုတ်လုပ်မှုနှုန်းကို အဓိကပြဋ္ဌာန်း ပါတယ်။ သိုင်းရွိုက်အားနည်းရောဂါ (Hypothyroidism)ခံစားနေရရင် စွမ်းအင် နဲ့အတူ လှုပ်ရှားတက်ကြွ လုပ်ဆောင် နိုင်စွမ်းတွေပါ ကျဆင်းကာ အမြဲပျော့ခွေ နွမ်းနယ်နေတတ်ပါတယ်။ အစာစားချင် စိတ်မရှိလို့ အစားလျော့သွားပေမယ့် ဝလာ တတ်ပါတယ်။ သွေးပေါင်လည်း တက် လာတတ်ပါတယ်။
ဖြေရှင်းနည်း
- ဒီရောဂါဟုတ်မဟုတ် ဆိုတာ ကျန်းမာရေးဆောင်းပါးတစ်ပုဒ် နှစ်ပုဒ်ဖတ်ပြီး တိုက်ဆိုင် စစ်ဆေးကြည့်ရုံ နဲ့ ဟုတ်မဟုတ် တပ်အပ်မသိနိုင်ပါဘူး။ သေချာအောင်သွေးတွင်းသိုင်းရွက်ဟော် မုန်း ပမာဏကို သွေးဖောက် စစ်ဆေးပြီး လိုအပ်သလို ကုသမှု ခံယူရမှာဖြစ်တယ်။
(၇) ကဖိန်းဓာတ် လွန်ကဲခြင်း
ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို သင့်တင့်စွာ မှီဝဲရင် တက်ကြွဖျတ်လတ်မှုနဲ့ အာရုံ စူးစိုက်နိုင်စွမ်းကို အချိန်ပိုင်း မြှင့်တင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန် ဘေးဆိုသလို လွန်ကဲသွားရင် နှလုံးခုန် နှုန်း၊ သွေးပေါင်ချိန်နဲ့ စိုးရိမ်စိတ်လှုပ် ရှားခြင်း(Jitteriness) ကို များပြားလာစေ ပါတယ်။ ဒါ့အပြင် သိသိသာသာကို ပင်ပန်းနွမ်းနယ် နေမထိထိုင်မသာ ဖြစ် စေတတ်ပါတယ်။
ဖြေရှင်းနည်း
- ကဖိန်းဓာတ်ပါ သော ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ကိုလာအအေး၊ ချောကလက် စတာတွေ ကို လွန်ကဲစွာသုံးဆောင်ခြင်းမှ ရှောင် ကြဉ်ပါ။ တိခနဲ ဖြတ်တောက်ပစ်ခြင်း ဟာ ပင်ပန်းနွမ်းနယ်ခြင်းကို အထူးအား ပေးလို့ သတိပြုရပါမယ်။ ဖြတ်ချင်ရင် တတိတိနဲ့ အချိန်ယူဖြတ်ရပါမယ်။ ကဖိန်း လွန်တဲ့ ဝေဒနာ ခံစားနေရရင် လတ်တလော သက်သာစေတဲ့နည်းကတော့ ရေခပ်နွေးနွေး လေးနဲ့ ရေချိုးပေးခြင်း ဖြစ်ပါတယ်။
(၈) ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ
ဆီးပူဆီးအောင့်ဖြစ်ခြင်း၊ ဆီး ခဏခဏ သွားချင်ခြင်း၊ မထိန်းနိုင်ခြင်း၊ ဆီးစပ်ကိုက်ခဲခြင်း စတာတွေဟာ ဆီး လမ်းကြောင်း ပိုးဝင်ခြင်းရဲ့ လက္ခဏာ တွေမှန်း အတော်များများ သိကြပါတယ်။ ဒါပေမဲ့ တချို့ ပိုးတွေကျတော့ အဲဒီလို သိသာပြင်းထန်တဲ့ လက္ခဏာတွေ မဖြစ် ပေါ်စေဘဲ ပင်ပန်းနွမ်းနယ်နေခြင်းသာ တစ်ခုတည်းသော လက္ခဏာ အဖြစ် ပြ တတ်ပါတယ်။
ဖြေရှင်းနည်း
- ဟုတ်မဟုတ် ဆီးစစ်ရပါမယ်။ ဆရာဝန် ညွှန်ကြားတဲ့ ပိုးသတ်ဆေး (Antibiotics) ကို ရက် ပြည့်အောင် သောက်ရပါမယ်။ ဖြစ်နေဆဲ ကာလမှာ ရေများများ၊ သဘာဝ သစ်သီး ဖျော်ရည်များ သောက်ပေးသင့်ပါတယ်။
(၉) သွေးချို၊ ဆီးချို
သွေးထဲက သကြားဓာတ်တွေကို တကယ်ချေဖျက် အသုံးပြုမယ့် ဆဲလ် တွေထဲ သွင်းပေးဖို့ အင်ဆူလင်ဟော်မုန်း (Insulin) လိုပါတယ်။ ဒီဟော်မုန်း အကြောင်း အမျိုးမျိုးကြောင့် ချို့တဲ့ရင် သို့မဟုတ် အာနိသင်ကျသွားရင် ဆဲလ် တွေ စွမ်းအင်ရတာ နည်းသွားလို့ အကြောင်း ရင်း မသိသာသော နေ့စဉ်ရက်ဆက် ပင်ပန်း နွမ်းနယ်ခြင်း (Persistent Unexplained Fatigue) ရလာတတ်ပါတယ်။ ဒါ့အပြင် ရေငတ်လွန်းခြင်း၊ အချိုစာများကို တောင့်တ နေတတ်ခြင်း၊ ကိုယ်အလေးချိန် ရုတ် တရက်ကျသွားခြင်း၊ အမြင်အာရုံဝေ၀ါး မှုရှိလာခြင်းတွေပါ တွဲဖြစ်လာရင် ဆီးချို ရောဂါခံစားရနေပြီ ဖြစ်နိုင်ပါတယ်။
ဖြေရှင်းနည်း
- ဆရာဝန်ပြပြီး လိုအပ်တဲ့ သွေးတွင်းသကြားဓာတ် စစ် ဆေးမှုတွေ လုပ်ရပါမယ်။ သေချာသွား ရင် များပြားဆိုးရွားလှတဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဝင်မလာခင် စနစ်တကျ မှန်မှန်ကုသမှု ခံယူရပါမယ်။
(၁၀) ကိုယ်တွင်း ရေဓာတ်လျော့ကျ နေခြင်း
ပင်ပန်းနွမ်းနယ်နေမှုဟာ ကိုယ်တွင်း ရေဓာတ်လျော့ကျခြင်းရဲ့လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ အလုပ်ကြမ်းလုပ် နေမှ မဟုတ်ပါဘူး။ စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေလည်း ကိုယ်အပူချိန် ထိန်းသိမ်းခြင်း အပါအဝင် ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်များအတွက် ရေလိုအပ်ပါတယ်။ လက်ရှိကိစ္စထဲ အာရုံစူးစိုက်မှုများလွန်း နေလို့ ရေငတ်တဲ့ ခံစားမှုမပေါ်သော် လည်း ကိုယ်တွင်းမှာ လျော့ကျလာပြီဆို ရင် ငြီးစီစီဖြစ်ကာ နွမ်းနယ်လာတတ် ပါတယ်။
ဖြေရှင်းနည်း
- နွမ်းနယ်လာရင် အရင်ဆုံး ရေထသောက်ကြည့်ပါ။ မကြာခဏ ရေသောက်ဖို့ မေ့မနေပါနဲ့။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ် ပြီးရင်တော့ ဓာတ်ဆားဖျော်ရည် အနည်း ငယ် သောက်သင့်ပါတယ်။
(၁၁) နှလုံးရောဂါ
နေ့စဉ် ပုံမှန်လုပ်နေကျ အလုပ်လေး တွေ လုပ်တာနဲ့ပဲ ခြေကုန်လက်ပန်းကျ တယ်၊ မောလွယ်လာတယ် ဆိုရင် နှလုံး ရောဂါ စတင်ချင်ပြီလားဆိုတာ စဉ်းစား ဖို့လိုလာပါပြီ။ မွေးရာပါ နှလုံးမကောင်း သူများနဲ့ အသက်အရွယ်ရလာသူများ ခံစားရလေ့ရှိပါတယ်။ အသိသာဆုံး လက္ခဏာက လမ်းမြန်မြန်မလျှောက်နိုင် ခြင်း၊ လှေကား မတက်နိုင်ခြင်း၊ အလေး အပင်မရင် ချက်ချင်းမောသွားခြင်း စတာ တွေ ဖြစ်ပါတယ်။ အိပ်နေရင် မောလာ တတ်တာမျိုးလည်း ရှိပါတယ်။
ဖြေရှင်းနည်း
- နှလုံးရောဂါရှိ နေလားဆိုတာ စစ်ဆေးကုသပါ။ ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့ ဆေးသောက်ခြင်းတွေ ပေါင်းစပ်ကာ ကုသနိုင်ပါတယ်။
(၁၂) အလုပ်ချိန်အရွေ့ အအိပ်ပျက် ရောဂါရနေခြင်း
အလုပ်ချိန်အရွေ့ အအိပ်ပျက် ရောဂါ (Shiftwork Sleep Disorder)ဟာ နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျဆင်း တတ်သူတွေ၊ ညဘက် အလုပ်များပြီး မအိပ်နိုင်သူတွေမှာ ဖြစ်တတ်ပါတယ်။ အကြောင်းရင်းကတော့ အိပ်ချိန်၊ နား ချိန်၊ အလုပ်လုပ်ချိန်တွေက အစဉ်လိုက် မလာဘဲ ကမောက်ကမဖြစ်နေလို့ ခန္ဓာ ကိုယ်ရဲ့ဇီဝနရီ(Bioclock) ထိခိုက်လာ တာ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ ဘယ်လောက် ပြန်အိပ်အိပ် နိုးလာရင် ငြီးစီစီ အိပ်ရေး မဝသလို ခံစားရနေတတ် ပါတယ်။
ဖြေရှင်းနည်း
- ညဆိုင်းဆင်း ပြီး ပြန်လာရင် မှောင်မည်းတဲ့၊ နေ့အလင်း ရောင် မဝင်နိုင်တဲ့ အေးချမ်းဆိတ်ငြိမ်တဲ့ နေရာမှာ အိပ်စက်ပါ။ ဒါဆို ဇီဝနရီ အတိ အကျ ပြန်မှန်စေမှာ မဟုတ်ပေမယ့် အိပ် ချိန်မှာတော့ ကောင်းကောင်းအိပ်ပျော် ကာ နေလို့မကောင်းခြင်းကို သက်သာ စေပါလိမ့်မယ်။ အာဟာရပြည့်အောင် စားပါ။ ဗီတာမင်ဖြည့်ဆေးများ (အား ဆေးများ) ကို သင့်တင့်စွာ မှီဝဲပေးပါ။
(၁၃) အစာဓာတ် မတည့်ခြင်း
အချို့သော အစာဓာတ်မတည့် ခြင်းများဟာ အရေပြား ယားယံအကွက် ထွက်ခြင်းတွေ မဖြစ်စေဘဲ ငိုက်မြည်း ထိုင်းမှိုင်းစေတတ်ပါတယ်။ အစာတစ်ခု စားပြီးနောက် ဗိုက်လေးတာနဲ့ မတူဘဲ အဲဒီလို သိသိသာသာ နွမ်းနယ်ငိုက်မြည်း လာတာမျိုးဆိုရင် ဒါဟာ ဒီအစားအသောက် ထဲမှာ ပါဝင်တဲ့ အရာတစ်ခုခုနဲ့ မတည့် လို့ ဖြစ်နိုင်ပါတယ်။ ထူးခြားတာတစ်ခု က အချိုမှုန့်ခေါ် ဟင်းချိုမှုန့် လွန်ကဲစွာ ပါဝင်တဲ့ အစားအသောက်များမှာ အဲဒီ အာနိသင်ရှိပါတယ်။
ဖြေရှင်းနည်း
- စားလိုက်တိုင်း သင့်ကို ပင်ပန်းနွမ်းနယ် ထိုင်းမှိုင်းစေတဲ့ အစားအသောက်တွေကို သတိပြု မှတ် သားရှောင်ကြဉ်ပါ။ ဟင်းချိုမှုန့် လျှော့ စားပါ။ ဖြစ်နိုင်ရင် လုံးဝရှောင်ကြဉ်ပါ။
(၁၄) နာတာရှည်ပင်ပန်းနွမ်းနယ်မှုရောဂါစု
နံပါတ် (၉)မှာ ဆိုခဲ့တဲ့ အကြောင်း ရင်း မသိမသာ နေ့စဉ်ရက်ဆက် ပင်ပန်း နွမ်းနယ်ခြင်းဟာ ဆီးချိုစစ်ကြည့်လို့ လည်း မရှိဘဲနဲ့ ခြောက်လကျော်သွားပြီ ဆိုရင် ဒါဟာ နာတာရှည် ပင်ပန်းနွမ်း နယ်မှုရောဂါစု (Chronic Fatigue Syndrome) ဖြစ်နေတတ်ပါတယ်။ ရှေးယခင် ကတော့ ဒါဟာ ကိုယ်တွင်းခုခံအားစနစ် ချို့ယွင်းလို့ဖြစ်ရတဲ့ လေးဖက်နာ အုပ်စု ဝင် ရောဂါတစ်ခုလို့သာ သတ်မှတ်ထား ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဒီရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို စတင် တွေ့ရှိခဲ့ကြပါတယ်။
ဖြေရှင်းနည်း
- ဆေးကုသမှုခံယူ ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ အာဟာရ သင့်တင့်အောင်စားခြင်းတို့အပြင် နေ့စဉ် သင့်တင့်သောအားကစားတစ်ခုခုလုပ်ပေး ခြင်းဟာ အထူးသက်သာ တိုးတက်စေ ကြောင်း တွေ့ရှိထားပါတယ်။
ထို့အပြင် အထက်မှာ ဆိုခဲ့တဲ့ အကြောင်းအရင်း အမျိုးမျိုးသော ပင်ပန်း နွမ်းနယ်မှုများကို တစ်ရက် မိနစ် ၂၀ သင့် တော်ရာ အားကစားလုပ်ခြင်းဖြင့် ဖယ်ရှား ရှင်းလင်းနိုင်ကြောင်း သုတေသနများစွာ အရ လက်တွေ့ သိရှိထားရကြောင်းပါ။
မှတ်ချက် ။ ။ The Voice ဂျာနယ်မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment