Sunday, May 10, 2015

Cancer natna zatui hoih mahmah

ကင်ဆာ ပျောက်စေသော ကြက်ဥပြုပ်
လက်တွေ့ သားအိမ်ကင်ဆာဖြင့်ရန်ကုန်ဆေရုံကြီးမှာ စစ်ဆေးပြီးနောက်ကျမှလာသည်ဟုသတ်မှတ်ပြောဆိုခြင်းခံရသူ
အသက်၅၀ကျော် အမျိုးသမီးကြီးတစ်ဦး- လက်တွေ့ပျောက်ကင်းသွားသည်ဆိုသဖြင့် တိုက်ကြီးမြို့အဝင် တာဂွရွာမှသတင်းပျံ့ ပြီးတစ်ဆင့်စကားကြားသိရသဖြင့် ကံတိုက်ဆိုင်သူများပျောက်ကင်းကြစေရန်တင်ပြပါသည်။
( ပေးပို့သူ။ ဆရာကြီးဦးသောင်းဌေး။ တာဂွရွာ အလယ်တန်းကျောင်းအုပ်ဆရာကြီး)
ကင်ဆာဝေဒနာခံစားနေရသူ။ သင်္ဘောသီး။သင်္ဘောရွက်ကိုနေ့စဉ်သုံးစွဲပါ။ဆေးမီးတိုဆိုပြီးအထင်မသေးပါနှင့်။ အစာဟောင်းအိမ် အူမကြီးမှာကင်ဆာအလုံးတွေ့၍ဖြတ်ထုတ်ရမည့်သူစ်ဦး။ငွေကြေးမတတ်နိုင်၍ဆရာကြီးတစ်ဦးနည်းပေးသဖြင့်သင်္ဘောရွက်ပြုတ်အရည်သောက်ခြင်း။ အရွက်နုကိုတို့စရာလုပ်စားခြင်းဖြင့်မခွဲရပဲ၊ ဝမ်းလည်းပြန်သွားနိုင်ကာ
၂နှစ်ကျော်ပြီ။အသက်ရှင်နေပါသည်။
သင်္ဘောသီး ကြက်ဥပြုပ်သည်ရေမထည့်ပါ။ သင်္ဘောသီးထဲမှအငွေ့အာနိသင်ဝင်ပြီးကြက်ဥကျက်သွားခြင်းဖြစ်ပါ
သည်။သင်္ဘောသီးအငွေ့ကြောင့်ကြက်ဥသည်ကင်ဆာပိုးကိုသတ်နိုင်ပါသည်။ ကြက်ဥမှမြွေဆိပ်ဖြေဆေးထုတ်နေသည်ကိုကြားဘူးကြပါလိမ့်မည်။ ကြက်ဥတစ်နေ့တစ်လုံးစားပေးသင့်သည်ဟုယခုအခါကျန်းမာရေးဆရာဝန်ကြီးများကညွှန်ကြား
လျှက်ရှိနေကြသည်။သဘာဝအိမ်ကြက်ဥများကပို၍အာနိသင်ကောင်းပါသည်။အိမ်ကြက်ဥကအလုံးသေးသဖြင့်ဈေးကွက်မဝင်ပါ။
သင်္ဘောသီးအစိမ်း ထိပ်မှဖြတ်ပါ။
အတွင်းမှအစေ့များကိုခြစ်ပါ။ အခေါင်းကျယ်စေဖို့ပါ။ အစေ့များကိုဖယ်မပစ်ပါနှင့်။
အခေါင်းတွင်းသို့ကြက်ဥထည့်ပါ။ အလုံးကြီးလျှင်ကြက်ဥ ၂လုံးအထိဆန့်ပါသည်။
အဖုံးကိုပြန်အုပ်ပြီးအစေးဖြင့်ဖိကပ်ပါ။ မသေချာလျှင်ရွှံ့ဖြင့်ဇော်မံပါ။
မီးဖို။မီးကျီးဖြင့် နာရီဝက်ခန့်ဖုတ်ပါ။
ဖွင့်ကြည့်လျှင်သင်္ဘောသီးအတွင်းမှအခိုးများထွက်လာပါလိမ့်မည်။
အတွင်းမှကြက်ဥကိုအပြင်ထုတ်ပြီးအအေးခံထားပါ။
ကြက်ဥကိုရေမဆေးပါနှင့်။
ကြက်ဥ ၂လုံးကို အခြားအစာနှင့်မရောပဲထမင်းလွတ်စားပါ။
နေ့စဉ် အနည်းဆုံး ၁၄ ရက်စားမှအကျိုးထူးပါမည်။
( ကြောင်းကျိုးတိုက်ဆိုင်သူများ ပျောက်ကင်းကြပါစေ။)
ကြည်လွင်မြင့်(မုဒြာ) ၂၉.၄.၂၀၁၅။

Thai Kumpi pa King ih kam mal hoih te

"ထိုင်းဘုရင်၏ သြဝါဒ အမှာစကား" ပါတဲ့။ တန်ဖိုးရှိလွန်းတဲ့ အမှာစကာများဖြစ်ပါတယ်။ ကြိုက် လွန်းလို့  ထာဝရသိမ်းထာချင်ပါ၍ ကော်ပီကူးယူပြီး Share လိုက်ရပါတယ်ရှင်။(Credit to U Tun Wai) ရေးပေးသူ U Tun Wai..ကို ကျေးဇူးတင်ပါတယ်ရှင်။

>> ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ ချက်
မှတ်သားလောက်ပါတယ် <<

၁။ ထမင်းလုံးတိုင်း ရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။

၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာ
တောင်းယူပါ။

၃။ သူငယ်ချင်း အသစ်သည်ကိုယ့်အတွက် လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ။

၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ်ရအောင် ဖတ်ပါ။

၅။ မိမိကိုယ်ကို ကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီပေးပါ။

၆။ ကျေးဇူးတင်ပါတယ် ဆိုသောစကားကိုအမြဲ များများ ပြောပေးပါ။

၇။ သူတပါး၏ ရင်ဖွင့်စကား တိုင်ပင်လျို့ဝှက်စကားတို့အား မိမိအနေဖြင့်** ထိမ်းသိမ်းပါ။

၈။ ခွင့်လွှတ်စိတ်ရှိပါ။

၉။ နားထောင်သည့် အလုပ်ကို ဦးစားပေးပါ။

၁၀။ အမှားရှိလျှင် ဝင်ခံနိုင်ရမည်။

၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန် မကြောက်ပါနှင့်။

၁၂။ ခက်ခဲနေလေလေအောင်မြင်ဖို့ အတွက် လေးနက်မှုရှိလေလေ။

၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်။

၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင်မဝယ်သုံးမိပါစေနှင့်။

၁၅။ တောင်းပန်ရန် ဝင်မလေးပါနှင့်။

၁၆။ မသိပါက မသိကြောင်း ဝန်ခံပါ။

၁၇။ ကီလို ၁၀၀၀( မိုင်ထောင်ချီခရီး ) အား ချောမွေ့သည်ဟူ၍ မရှိနိုင်ပါ။

၁၈။ မွေးကတည်းက မည်သူမျှ မပြေးတတ်သေးပါ ... ဒါကြောင့် ဖြေးဖြေးစလုပ်ပါ။

၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ .... ( ဘဝကို ချစ်တဲ့သူ )။

၂၀။ ငွေကို မချစ်တဲ့သူဟာဘဝကို မချစ်တဲ့သူ ကြီးပွားဖို့ မမျှော်လင့်သူ။

၂၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရက်သွားသူက ပညာရှိပါ။

၂၂။ တသက်လုံး အလုပ်လုပ်ရက် မရှိပါနားရက်တွေပါဘဲ။

၂၃။ ပြင်းထန်တဲ့ စိတ်ရှိသလို ပျော့တဲ့ စိတ်လဲ ဖြစ်မယ်။

၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတတ်ပါစေ။

၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင် မျက်နှာနှစ်ခု ရှိတယ် ... ဒီလိုဘဲ ဘဝဟာ အနိုင် /
အရှုံး - အောင်မြင်မှု / ကျရှုံးမှုတွေရှိမယ်။

၂၆။ မိမိစိတ်ကို အလိုမလိုက်ပါနှင့်။

၂၇။ သွားဟာ ဘာဖြစ်လို့ ကြိုးလဲ (မာလို့)လျှာက ကြိုးပါသလား ?

၂၈။ အပင်ငယ်တတ်ခါစကို မြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်း မပြုပါနှင့် အမြစ်ပါ ကြွေ
သွားမည်။

၂၉။ မိမိကိုယ် တစ်နေ့လျှင် သုံးကြိမ်သေရမည်ကို စဉ်းစားပါ အားလုံးပြင်ဆင်ပြီးသား ဖြစ်မယ်။

၃၀။ ကြယ်သီးဟာ ပထမတစ်လုံး မှားသည်နှင့် အားလုံးမှားတော့တာပါပဲ။

၃၁။ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ရက်ချိန်းတစ်ခု သတ်မှတ်ပါ။

၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသော ရေဖြစ်ပါစေ။

၃၃။ ကြယ်နှင့်လ ဟာ အရမ်းကို မြင့်လွန်းတယ် ... မှီနိုင်သလောက်ကို လှမ်းပါ။

၃၄။ လူ့တသက်တာမှာ အလုပ်အများကြီးအရေးအကြီးဆုံးကို အရင်လုပ်ပါ။

၃၅။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးနှင့် ဗဟုသုတ အရဆုံး ပညာရှိ
တစ်ဆူဖြစ်တယ် .. တစ်လလျှင် တစ်အုပ်ဖက်နိုင်အောင် လုပ်ပါ။

၃၆။ အရာရာ သတ်မှတ်ချက်ရှိပါစေ .....ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီး ဤ
နေရာမှာ ထားပါ စည်းကမ်းသည် လူ၏တန်ဖိုး။