Monday, July 4, 2011

Nang bang sisan na hiam?

သင် ဘာသွေးလဲ


အိုသွေးပိုင်ရှင်များ
လွန်စွာပြင်းထန်သော တိကျသော ပြတ်သားသောသူများ ဖြစ်ကြပြီး
ရည်မှန်းချက်ကြီးကာ မဖြစ်မနေလုပ်ဆောင်တတ်ကြသလို အားသွန်ခွန်စိုက်လည်း
လုပ်ဆောင်တတ်ကြသည်။
အချစ်ရေးနှင့်ပတ်သက်ပြီး မိမိကိုယ်ကို အချစ်ကြီးသည် အစွဲအလန်းကြီးသည်ဟု
ထင်တတ်ကြသော်လည်း အမှန်တကယ်အားဖြင့်မူ ထိုလောက်မဟုတ်ဘဲ
ချစ်သူနှင့်ခွဲခွာရလျှင် မကြာခင်ပြေပျောက်သွားသူများဖြစ်သည်။

အေသွေး ပိုင်ရှင်များ
စိတ်လှုပ်ရှားလွယ် စိတ်ထိခိုက်လွယ်သူများဖြစ်ပြီး
ဝေဖန်ခံနိုင်ရည်အားနည်းကြသည်။
အချစ်ရေးနှင့် ပတ်သက်လျှင် အချစ်ကြီးတတ်ကြသူများဖြစ်သည်။ တစ်ဦးကို
တစ်ဦးစွဲစွဲလန်းလန်းချစ်ဖြစ်တတ်ကြပြီး ချစ်သူနှင့်ခွဲခွာရလျှင်

အခြားသူများထက် ပိုမိုခံစားရတတ်သည်။
ဘီသွေးပိုင်ရှင်များ
မိမိတို့နေတတ်သလို စိတ်ချမ်းသာသလို နေထိုင်ပြုမူတတ်ကြသည်။
အချုပ်အချယ်မခံလိုဘဲ လွတ်လပ်စွာနေလိုစိတ်ပြင်းပြသူများ ဖြစ်သလို
ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်းရှိကြသည်။
အချစ်ရေးနှင့် ပတ်သက်၍ ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့ဆဆသဘောထားတတ်ကြသလို
မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်ဦးစားပေးတတ်၍ ချစ်သူတို့၏ ညဉ်းငွေ့ခြင်းကို
ခံရတတ်သည်။
အေဘီသွေးပိုင်ရှင်များ
အရာရာကို မျှမျှတတဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြပြီး မိမိသဘောဆန္ဒသက်သက်ကို
မကြည့်ဘဲ အများ၏ ဆန္ဒကို ဆောင်ရွက်တတ်သည်။
အချစ်ရေးနှင့်ပတ်သက်ပြီး စိတ်ကူးယဉ်အိပ်မက် မက်လွန်းသူများဖြစ်ကြသည်။
အခြေအနေ အမှန်နဲ့ ကင်းကွာတတ်ကြပါသည်။

No comments:

Post a Comment