Monday, July 4, 2011

Itna,Ngaihna leh pumpi thu gen dan

အချစ်နှင့် ခန္ဓာကိုယ်ဘာသာဗေဒ Body Language Dealing with LOVE

(၁)
အချစ်ရေး အပါအ၀င် ကိစ္စအတော်များများ၌ စကားလုံးများထက် ခန္ဓာကိုယ် ဘာသာစကားသည် တစ်ဖက်သားကို ၇၀% ပိုမိုထိရောက် သဘောပေါက် လွယ်စေသည်ဟု ဆိုလျှင် သင်သဘောတူပါသလား။ ထိုအချက်သည် သိပ္ပံနည်းကျ စမ်းသပ်လေ့လာ တွေ့ရှိထားသော ကိန်းဂဏန်းရလဒ်တစ်ခု ဖြစ်သောကြောင့် မယုံမရှိရန် ပြောလိုပါသည်။

ခန္ဓာကိုယ် ဘာသာစကားသည် စကားလုံးဘာသာစကားများ မပေါ်ခင် နှစ်ပေါင်းများစွာ စော၍ လူသားများ စတင် ရှိချိန်ကတည်းက ပေါ်ပေါက်ဖွံ့ဖြိုးလာခြင်း ဖြစ်၍ ကမ္ဘာ့ရှေးအကျဆုံး ဘာသာစကားဟုပင် ဆိုနိုင်ပါသည်။

(၂)
ခန္ဓာကိုယ် ဘာသာစကား (Body Language) ဆိုသည်မှာ ကိုယ်ဟန် အနေအထား၊ လက်ဟန်ခြေဟန်၊ မျက်နှာအမူအရာနှင့် မျက်လုံးအကြည့် စသည်တို့ ပါဝင်ပြီး စကားလုံးများ လုံးဝ မပါဝင်သော ဘာသာဗေဒတစ်ခု ဖြစ်ပါသည်။ လူသားများသည် ထိုသင်္ကေတ ဆက်သွယ်ချက်များ၏ အများစုကို ဖော်ပြခြင်း၊ ဘာသာပြန်ခြင်းတို့၌ မသိစိတ်ဖြင့် အဆင်ပြေပြေ ဆောင်ရွက်နိုင်စွမ်း ရှိကြလေသည်။
ခန္ဓာကိုယ် ဘာသာစကားဆို၍ သိပ်ကြီးကြီးကျယ်ကျယ် ထူးထူးဆန်းဆန်းတွေတော့ မဟုတ်ပါ။



သင့်ကောင်မလေးက အလိုမကျလျှင် နှုတ်ခမ်းစူမည်။ သင့်မိဘက ကြည့်မရတော့လျှင် ကြပ်ကြပ်သတိထားဟု လက်ညှိုးထောင်ကာ ရှေ့နောက် ယမ်းပြမည်။ အောင်မြင်အဆင်ပြေလျှင် လက်မထောင်ပြမည်။ ခွဲခွာနှုတ်ဆက်လျှင် လက်ဖ၀ါး ဝှေ့ယမ်းကာ တာ့တာပြမည်။ ဟုတ်မှန်သည်/ သဘောတူသည်ဆိုလျှင် ခေါင်းညိတ်မည်။ ထိုသို့ မဟုတ်လျှင် ခေါင်းခါမည်။ အလိုကျလျှင် ပြုံးမည်။ အလိုမကျလျှင် နှုတ်ခမ်းမဲ့ နှာခေါင်းရှုံ့မည်။ တိတ်တိတ်နေဟု ပြောလိုလျှင် မျက်လုံးပြူး၍ စိုက်ကြည့်မည်။ စသဖြင့် မြောက်မြားစွာသော ကျွန်တော်တို့ နေ့စဉ် ပုံမှန်သုံးစွဲသည့် အမူအရာများသည် ခန္ဓာကိုယ် ဘာသာစကားများပင် ဖြစ်ကြသည်။

ထိုလှုပ်ရှားမှုများကို ကြည့်၍ ထိုသူ ပျော်ရွှင်နေလား၊ ဒေါသထွက်နေလား၊ စိတ်ပါရဲ့လား၊ ပျင်းနေလား၊ အရက်မူးနေသလား စသဖြင့် တစ်ဖက်သားက သိနိုင်သလို ခန္ဓာကိုယ် ဘာသာစကားကြောင့် ပြောနေသော စကားများကိုလည်း ပိုမို ထူးခြားလေးနက်စေသည်။ အထူးခြားဆုံး ကတော့ နေရာဒေသနှင့် လူမျိုးကိုလိုက်သော သီးသန့် ခန္ဓာကိုယ် ဘာသာစကားများမှ လွဲ၍ ကျန်သော ခန္ဓာကိုယ် ဘာသာစကားများကို ကမ္ဘာ့လူသားတိုင်း နားလည်နိုင်ခြင်း ဖြစ်သည်။

ထိုထူးခြားချက်များကြောင့် အချစ်ကို ဖော်ပြရန် Body Language ကို အထိရောက်ဆုံး ဘာသာစကားအဖြစ် နှလုံးသားက အလိုလို ရွေးချယ်လိုက်ခြင်း ဖြစ်ပေမည်။



(၃)
အချစ်တစ်ခု ရင်ထဲ၌ ဖြစ်တည်လာပါက ပတ်ဝန်းကျင်နှင့် ချစ်မိသူ လုံးဝ မရိပ်မိအောင် ထိန်းသိမ်းထားနိုင်စွမ်း လူအများစု၌ မရှိသလို ထိန်းသိမ်းထားလိုစိတ်လည်း မရှိပါပေ။ ကိုယ်ချစ်မိနေလို့ အမြဲ မြင်နေချင်တာ၊ ဂရုစိုက်အလိုက်သိချင်တာ၊ တန်ပြန်လည်း ဂရုအစိုက် ခံချင်တာ စတာတွေကို သူသိအောင် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်၍ ဖော်ပြမိတတ်၏။ ရည်ရွယ်ချက်ရှိရှိ သိစေချင်၍ လုပ်ခြင်း ဖြစ်နိုင်သလို ရင်ထဲသိုဝှက်ထားသော်လည်း မသိစိတ်၏ ဦးဆောင်မှုကြောင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့၌ ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုပင် သတိမထားမိတတ်ကြသော အမူအကျင့်အချို့ကို စိတ်ပညာရှင်များက အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့ကြသည်။

နူးညံ့အိစက်သော အကြည့်တစ်ချက်ကို ကြာကြာ ကြည့်နေမိတတ်ခြင်းသည် ကိုယ်မင်းကို စိတ်ဝင်စားနေပါပြီဟု လှစ်ဟပြလိုက်ခြင်း ဖြစ်သည်။ ဖျတ်ကနဲ ခိုးကြည့်ပြီး အဝေးကို ငေးနေမိခြင်းသည် သူ၏ တန်ပြန်စိတ်ဝင်စားမှုကို လိုချင်၍ ဖြစ်၏။ သူနဲ့ ရင်ဆိုင်တွေ့ပြီ ဆိုတာနဲ့ ဆံပင်တွေ သပ်မိ၊ အကျီင်္အ၀တ်အစားတွေ ဆွဲဖြန့် လုပ်မိသည်။ သူ့ရှေ့မှာ ကြည့်မိကောင်းမှာ စိုးရိမ်သော မသိစိတ်ကြောင့် ဖြစ်သည်။ အသက်အရွယ် အနေအထားကြောင့် ဆယ်ကျော်သက်လေး တစ်ယောက်လို ကလက်တက်တက်နှင့် အမူအရာမပျက်သော်လည်း သူနဲ့တွေ့တိုင်း အဲလို ဖြစ်နေကျ ဖြစ်သည်။

တစ်ကိုယ်လုံးက ကြွက်သားတွေ တောင့်တင်းသွားရ လောက်အောင် မဆိုးလျှင်တောင် ထိုင်နေရင်းနဲ့ဆိုရင် ခါးကို မသိမသာ ပြန်မတ်မိသွားသည်။ ပုံမှန် အနေအထား စကားပြောဖြစ်ရင် (သို့) အနီးကပ်ရှိနေရင်တောင် ကိုယ့်မျက်နှာက ယောင်ယောင်လေး ပြုံးမိနေတတ်သည်။ သူရှိနေချိန် ဘေးလူတစ်ယောက်နှင့် စကားပြောနေလျှင်တောင်မှ ခေါင်းညိတ်ခြင်း၊ ဖြည်းဖြည်းနှင့် ဟန်ပါပါ ခေါင်းခါခြင်း၊ မျက်မှောင်ကျုံ့ခြင်း၊ ရယ်မောခြင်းတို့ကို ပုံမှန်ထက်ပို၍ လုပ်မိနေတတ်သည်။ တစ်ခါတစ်လေ သူနဲ့ နီးလာတာနဲ့ သီချင်းလေး ညည်းမိသည်အထိ အသက်အရွယ် အတွေ့အကြုံအရ စိတ်ကစားမှု (Emotion) ကို ထိန်းနိုင်အားနည်းလေလေ၊ သူ့ရှေ့မှာ အိုဗာတင်းတွေ ဖြစ်လေလေ ဖြစ်ကြောင်း တွေ့ရမည်။

ချစ်မိသူကို ဂရုစိုက်တဲ့ဖက် အများစုက ရောက်သော်လည်း အချို့ကျတော့ ဘာပြောပြော ကန့်လန့်လိုက်တိုက်နေတတ်သည်။ ထိုသို့ မဖြစ်ချင်သော်လည်း မသိစိတ်ထဲက အရွဲ့တိုက်လိုစိတ်ကို ထိန်းမရပေ။

ထိုအချက်တွေကို လူကဲခတ် အရည်အချင်းကို လိုက်၍ သော်လည်းကောင်း၊ သင်တို့နှစ်ဦး၏ တွေ့ဆုံမှု အစိတ်အကျဲကို လိုက်၍ သော်လည်းကောင်း သူသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း သိရှိသွားမည် ဖြစ်သလို သင်ကလည်း ထိုနည်းလမ်းများကို သွယ်ဝိုက်သော ချစ်ခွင့်ပန်ခြင်းများ အဖြစ် အသုံးချနိုင်ပါသည်။

(၄)


အချစ်တစ်ခု ရင်ထဲ၌ ဖြစ်တည်လာပါက သူ့သဘောထားကိုလည်း ပြန်သိချင်လာသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ သို့သော် အောက်တွင် ဖော်ပြထားသော Body Language များသည် မိန်းမတစ်ယောက်၏ ရင်ထဲက အဖြေကို Yes လား No လား အကြမ်းဖျင်း ခန့်မှန်းခြင်းကိုသာ ပေးနိုင်မည်ဖြစ်သည်။

လူတစ်ယောက် (အထူးသဖြင့် အမျိုးသမီးတစ်ယောက်) ၏ ပတ်ပတ်လည်ရှိ လက်တစ်ဆန့် အကွာအဝေးအတွင်းကို နီးစပ်ရင်းနှီးမှု နေရာလွတ် (Intimate Space) ဟုခေါ်သည်။ ထိုနေရာလေးသည် မှော်ဆန်သလို သူမ မလိုလားသူ (သို့) မရင်းနှီးသူများ ၀င်လာပါက ကိုယ်ကို ယို့၍ တိမ်းလိုက်ခြင်း၊ လက်ပိုက်လိုက်ခြင်းဖြင့် အကာအကွယ် ယူတတ်သလို လိုလားသူဝင်လာပါက ထိုသို့ မလုပ်တတ်သည်ကို တွေ့ရသည်။ (ချမ်းသောကြောင့် လက်ပိုက်ခြင်း မပါဝင်ပါ)

သင်ပြောသော စကားများကို လက်ပိုက်၍ နားထောင်ခြင်း၊ ခြေထောက် မရွှေ့သော်လည်း ဝေးရာဖက်သို့ ကိုယ်ကို ကိုင်းထားခြင်း၊ မျက်နှာ၌ မည်သည့် ခံစားချက်မျှ ပေါ်ပုံ မရခြင်း စသည်တို့သည် သင့်အပေါ် လိုလားမှု သိပ်မရှိသော အမူအရာများ ဖြစ်နိုင်ပေသည်။ ပြောနေစဉ် ခဏခဏ အကြည့် ဆုံခြင်းသည် သင်ပြောသော စကားအပေါ် ယုံကြည်မှု ရှိခြင်း၏ သင်္ကေတ ဖြစ်သလို လုံးဝ မဆုံခြင်းသည် အခြေအနေ မကောင်းပါ။

အသင့်တော်ဆုံး နည်းလမ်းမှာ ထိုနေရာလွတ်ထဲ တန်းမ၀င်ဘဲ သူမဆီ၌ ၀င်စေချင်သော၊ ဖိတ်ခေါ်လိုလားသော အကြည့်မျိုး ရှိရဲ့လား ကြည့်ပြီးမှ ၀င်ရန် ဖြစ်ပါသည်။ တစ်ချိန်လုံး ၀င်နေရင်တော့ လိုက်ကပ်သူဟု ပတ်ဝန်းကျင်က ကဲ့ရဲ့အတင်းတုတ်မည် ဖြစ်သလို ထိုအချက်ကို သင်ဂရုမစိုက်သော်လည်း မိန်းကလေး အများစုက ဂရုစိုက် ဆင်ခြင်တတ်ကြကြောင်းလည်း သတိပြုပါ။

အောက်ပါ ခန္ဓာကိုယ်ဘာသာစကားများသည် (အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ) သူ့ရင်ထဲက သင့်အတွက် အဖြေသည် No ဖြစ်ရန် ခဲယဉ်းကြောင်း ပြဆိုပါသည်။ အကုန်လုံး ရှိနေစရာ မလိုပါ။ အချို့ရှိလျှင် အတိုင်းအတာ တစ်ခုအထိ လုံလောက်ပါသည်။ မည်မျှ ဖုံးကွယ် သိုဝှက် ဟန်ဆောင်ကောင်းသူ ဖြစ်ပါစေ၊ အောက်ပါ အမူအရာများကိုတော့ လူသားသဘာဝအရ အချိန်ပြည့် ထိန်းမထားနိုင်ဟု စိတ်ပညာရှင်များက အတိအကျ ဆိုကြသည်။



ကိုယ့်ကို တစ်ချက်ကြည့်ပြီး ကိုယ့်ဘေးနားကိုပဲ ငေးနေခြင်း
ပုံမှန်ထက် အကြိမ်အရေအတွက် များများ ပိုကြည့်မိလာတတ်ခြင်း
သူ့ရဲ့ အပြုအမူ တစ်ခုခုအပေါ် အံ့သြ၀မ်းသာစွာ စိုက်ငေးကြည့်ခြင်းကို ဖျတ်ကနဲ အကြည့်တစ်ချက်နဲ့ လက်ခံ အသိအမှတ်ပြုခြင်း
သင်နှင့်တွေ့လျှင် မျက်လွှာချထားပြီး အဝေးကို ငေးတတ်ခြင်း
သင်နှင့်ဆုံတိုင်း မတ်ကနဲ မသိမသာ ဖြစ်သွားခြင်း
ဆံပင်နှင့် အ၀တ်အစားများကို အနည်းငယ်တော့ သပ်ခြင်း
ခန္ဓာကိုယ်ကို သင့်ဖက် လှည့်လာခြင်း
မျက်လုံးများ အတန်ငယ်စင်းသလို ဖြစ်သွားခြင်း (သို့) အရောင် လက်လာတတ်ခြင်း
သင့်ခန္ဓာကိုယ်အနေအထားနှင့် ဆင်တူအောင် လိုက်နေမိခြင်း
နှုတ်ခမ်းကို လျှာဖြင့် သပ်ခြင်း
သင်နှင့်စကားပြောလျှင် အသုံအတိုးအကျယ်၊ လေသံအနိမ့်အမြင့် ပုံမှန်ဖြစ်အောင် သတိထား၍ ပြောခြင်း


စသည်တို့ ဖြစ်ကြသည်။



Yes ဖြစ်လာရန် ခဲယဉ်းသေးသော ခန္ဓာကိုယ် ဘာသာစကားများမှာ သင်နဲ့တွေ့တိုင်း…………..

မည်သည့်အခါမျှ ခိုးမကြည့်ခြင်း
အကြည့်ဆုံလျှင် အမြန်ရှောင်ဖယ်သွားခြင်း (ရှက်ကိုးရှက်ကန်းနှင့် မတူပါ)
အဝေးကိုပဲ ကြည့်တတ်ခြင်း
ခန္ဓာကိုယ် အနေအထား ပြောင်းလဲသွားမှု မရှိခြင်း (သေချာအောင်တော့ ကြည့်ရပါမည်)
ကိုယ်ကို လှည့်၍ လွှဲဖယ်သွားခြင်း
ဆံပင်သပ်ခြင်း၊ အင်္ကျီဖြန့်ခြင်း လုံးဝမလုပ်ခြင်း (သို့) လက်ပိုက် / ခြေထောက်ချိတ်၍ နေပြီးမှ အကျီင်္ဆွဲချဖြန့်ခြင်း
ယဉ်ကျေးပျူငှာသော်လည်း သာမန်မျက်နှာ အနေအထားနှင့် မျက်လုံးအကြည့်သာ ရှိခြင်း
အသံအားပျော့ခြင်း (နူးညံ့ခြင်းကို မဆိုလိုပါ။ စိတ်ပါလက်ပါ အရမ်းမရှိခြင်းကို ဆိုလိုသည်)
စကားပြောနေစဉ် ငေးကြောင် ကြည့်တတ်ခြင်း၊ တမင်စိုက်ကြည့်တတ်ခြင်း (၇ စက္ကန့်ထက် ပိုတတ်သည်ဟု တွေ့ရှိရသည်)
ကိုင်ထားသော တစ်စုံတစ်ခုကို လိမ်ကျစ်နေခြင်း (သို့) ညှစ်နေခြင်း
လက်ဝတ်ရတနာ တစ်ခုခုကို ထိကိုင်ခြင်း၊ ဆော့ကစားခြင်း
လက်ချောင်းများကို ဆော့ကစားခြင်း၊ ခုံခေါက်ခြင်း

စသည်တို့ ဖြစ်ကြသည်။

(၅)
အချစ်တစ်ခု ရင်ထဲ၌ ဖြစ်တည်လာပါက ဖော်ပြရန် အခွင့်အရေး လူသားတိုင်း၌ ရှိသော်လည်း ထိုအလုပ်ကို အမျိုးသားများက စတင်မှသာ ပိုလုပ်ပြမှသာ သင့်တော်ပေမည်။ ထို့ကြောင့် အမျိုးသားများ အတွက် မြတ်နိုးချစ်ခင်ခြင်း၊ ဆွဲဆောင်လိုခြင်း ဆန္ဒသဘောကို မိမိချစ်သော အမျိုးသမီးကို ဖော်ပြနိုင်ရန် ပေါ်လွင်၍ နှစ်လိုဖွယ်ကောင်းသော အမူအရာများကို ဖော်ပြပေးလိုက်ပါသည်။ အမျိုးသမီးများသည် Body Language ကို အမျိုးသားများထက် မွေးရာပါ ပိုတတ်ပြီးသား ဖြစ်သဖြင့် သူမ မသိမှာ စိုးရိမ်ရန် မလိုပါ။

(၆)
အပြုံး
သင်ဟာ ခင်မင်နှစ်လိုဖွယ် လူတစ်ယောက်ဆိုတာ သိရှိပြီး သူမ သက်တောင့်သက်သာ ရှိစေဖို့ ဖော်ရွေစွာ ပြုံးပြီး စကားပြောပါ။ မိန်းမတွေနဲ့ တွေ့ရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတဲ့ ယောက်ျားမျိုးထက် မိန်းမတွေကို တည်ငြိမ်ဖော်ရွေစွာ ဆက်ဆံနိုင်တဲ့ ယောက်ျားမျိုးကိုပဲ မိန်းမအများစုက သဘောကျတတ်တဲ့ သဘာဝ ရှိကြတယ်လို့ ပညာရှင်များက ဆိုပါတယ်။ ခပ်တည်တည် နေတတ်သူတစ်ယောက်ကို သူမတစ်ခါ ပျော့ပျောင်းလာတိုင်း ဂရုတစိုက် ပြုံးပြပေးခြင်းဖြင့် သူမရဲ့ တိုးလာတဲ့ ပျော့ပျောင်းမှုကို ရယူတတ်ပါစေ။

အကြည့်
မိန်းမတစ်ယောက်ရဲ့ ခန္ဓကိုယ် ကောက်ကြောင်းကို ငေးစိုက်ကြည့်နေတတ်တဲ့ အကြည့်ထက် ဆိုးတဲ့ အကြည့် မရှိပါဘူး။ သင်ဟာ သူလိုငါလို ယောက်ျားတစ်ယောက်လို့ ထင်သွားစေပါတယ်။ ဒါပေမဲ့ သူမရဲ့ အလှအပတွေကို ထူးပြီး ဂရုမစိုက်ပြဘူး ဆိုရင်တော့ မိန်းမတစ်ယောက်ရဲ့ မာနအရ (သင့်ကို မချစ်သေးရင်တောင်) သူမလှတယ်ဆိုတာ သင့်ရင်ထဲရောက်သွားအောင် လုပ်ပါလိမ့်မယ်။ တကယ်တမ်းတော့ ဒါဟာ သူမရင်ထဲ သင်ရောက်သွားတာ ပါပဲ။ ဒါပေမဲ့ လုံးဝ လျစ်လျူရှုထားလို့ ဆိုလိုတာ မဟုတ်ပါ။

သူမနဲ့ စကားပြောနေစဉ် အချိန်တွေရဲ့ လေးပုံ

No comments:

Post a Comment