ဟိုးရှေးရှေးတုန်းက စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းကလေးတစ်ကျွန်းရှိတယ် ။ အဲဒီကျွန်း ကလေး မှာ ပျော်ရွှင်ခြင်း ၊
ဝမ်းနည်းခြင်း ၊ အသိပညာ နဲ့ အချစ်အပါအ၀င် တခြားစိတ်ခံစားမှုအားလုံး တည်ရှိနေကြတယ် ။ တစ်နေ့မှာတော့ ကျွန်းကလေးပေါ်မှာ ကြေငြာချက်တစ်ခုထွက်လာတယ် ။ မကြာခင် အဲဒီကျွန်းကလေး မှာ ရေ မြုပ်တော့မည့်အကြောင်း အရေးပေါ် ထုတ်ပြန်ပြီးတဲ့အခါ စိတ်ခံစားမှုအား လုံးဟာ လှေတွေ တည်ဆောက် ပြီး ကျွန်းကလေးကို စွန့်စွာသွားခဲ့ကြတယ် ။ အချစ်ဆိုတဲ့ စိတ်ခံစားမှုက လွဲလို့ပေါ့ ။
ကျွန်းကလေးပေါ်မှာ အချစ်ဟာ တစ်ယောက်တည်း အထီးကျန်နေခဲ့ရတယ် ။ သူဟာ နောက်ဆုံး အချိန်ထိ တတ်နိုင် သရွှေ့ ကျွန်းကလေးကို မစွန့်ခွာချင်ခဲ့ဘူး ။ သူ့မှာလည်း ကျွန်းကလေးပေါ်ကနေ ထွက်ခွာဖို့ လှေ မရှိဘူး ဖြစ်နေခဲ့တယ် ။
ချမ်းသာကြွယ်ဝမှုဟာ အဲဒီအချိန်မှာ ကျွန်းကလေးပေါ်ကနေ လှေတစ်စီးနဲ့ထွက်ခွာဖို့ပြင်ခဲ့တယ် ။ အချစ် ကမေးတယ် “ ချမ်းသာမှုရေ ကျွန်တော့်ကို ခင်ဗျားနဲ့အတူခေါ်သွားပေးနိုင်မလား ”
ချမ်းသာမှုကပြန်ဖြေတယ် “ ဟင့်အင်းမခေါ်သွားပေးနိုင်ပါဘူး ဒီလှေပေါ် မှာ ရွေတွေနဲ့ငွေတွေ အပြည့်တင် ထားပါ တယ် ခင်ဗျားအတွက် ဒီလှေပေါ်မှာ နေရာမှမရှိပါဘူး ”
အချစ်က ဒီလိုနဲ့ သူ့ဘေးကနေ လှပတဲ့ လှေကလေးနဲ့ထွက်ခွာဖို့မာန ကိုမေးဖို့ ဆုံးဖြတ်လိုက်တယ် ။ “ မာန ခင်ဗျား ကျွန်တော့်ကို ကျေးဇူးပြုပြီးကူညီပါဗျာ ”
“ ဟင့်အင်း ခင်ဗျားကို မကူညီနိုင်ပါဘူး အချစ် ခင်ဗျားတကိုယ်လုံးရေတွေစိုနေပြီ ခင်ဗျားတက်လာရင် ကျွန်တော့်လှေ ကလေး ပျက်စီးသွားမှာစိုးတဲ့အတွက်ပါ ” လို့ မာနက ခပ်တင်းတင်းပဲ ပြန်ဖြေတယ် ။
အဲဒီအချိန်မှာ ၀မ်းနည်းမှုဟာ အချစ်ရဲ့နားကို ကပ်လာတဲ့အတွက် အချစ်ကမေးလိုက်တယ် ။ “ ၀မ်းနည်းမှု ခင်ဗျားနဲ့ ကျွန်တော်အတူသွားကြရအောင် ”
“ အိုး...အချစ်ရယ် ငါ့ကိုယ်ငါတောင်မကူညီနိုင်လို့ ငါတောင်ဝမ်းနည်းနေရပါတယ် ” လို့ ၀မ်းနည်းမှုက ပြန်ဖြေ တယ် ။
ပျော်ရွှင်မှုဟာလည်း အချစ်ရဲ့အနားကနေ ထွက်ခွာသွားခဲ့တယ် ။ ပျော်ရွှင်မှုဟာ အချစ်ရဲ့ အကူအညီတောင်း ခံသံကို မကြားလိုက်ရလို့ မျက်နှာမှာ ပြုံးရွှင်ပြီးထွက်ခွာသွားခဲ့တယ် ။
ရုတ်တရက်ချက်ချင်းပဲ အသံတစ်သံကိုကြားလိုက်ရတယ် ။ “ လာပါ အချစ် ငါမင်းကိုခေါ်သွားမယ် ” အဲဒီစကား ကို ပြောလိုက်သူက သူ့ထက်အသက်ကြီးတဲ့ အချစ်ကြီးပဲဖြစ်ပါတယ် ။ အချစ်ဟာ သူနဲ့မျိုးနွယ်တူ သူ့ထက် အကြီးကို မေးဖို့မေ့နေခဲ့တာတောင်မှ သူ့ထက်အသက်ကြီးတဲ့အချစ်ကြီးက သူ့ကို လှေနဲ့ခေါ်ဆောင် သွားခဲ့ တယ် ။ ဒီလိုနဲ့ ခြောက်သွေ့တဲ့ ကျွန်းတစ်ကျွန်းပေါ်ကို သူတို့ရောက်လာခဲ့ကြတယ် ။
သူ့ထက်အသက်အရွယ်ကြီးတဲ့ အချစ်ကြီး က သူ့ကို ထားခဲ့ပြီး သူ့လမ်းသူဆက်သွားခဲ့တယ် ။ အချစ်ဟာ သူ့ထက်အကြီးဖြစ်တဲ့ အသိပညာကို မေးလိုက်တယ် ။ “ ကျွန်တော့်ကို ဘယ်သူကူညီနိုင်ဦးမလဲ ” အသိပညာက ပြန်ဖြေတယ် “ အချိန်ကသာ သင့်ကိုကူညီနိုင်ပါလိမ့်မယ် ”
“ အချိန် !! ဟုတ်လား ” အချစ်က မေးတယ် ။ “ ဒါပေမယ့် အချိန်က ကျွန်တော့်ကို ဘယ်လိုကူညီနိုင်မှာလဲဗျ ”
ဥာဏ်ပညာကြွယ်ဝတဲ့ အသိပညာဟာ လေးနက်စွာ ပြုံးလိုက်ပြီး ပြန်ဖြေခဲ့တယ် ။
“ အချိန် ကသာလျှင် အချစ်ဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ သိတဲ့ တစ်ခုတည်းသော အရာဖြစ်နေလို့ပေါ့ ”
ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦးနီးကပ်နေစဉ်မှာ တစ်ဦးရဲ့ အချစ်ကို တစ်ဦးက တန်ဖိုးမထားမိခဲ့ကြဘူး ။ အချစ်ဆိုတာဟာလည်း အချိန်ကြာလာတဲ့အခါမှ သွေးအေးသွားကြတယ်လို့ ထင်နေကြပေမယ့် တကယ်တော့ အချိန်ကြာလေလေ အချစ်ဟာ ပိုလေးနက်ပြီး ပို ခံစားရလေလေ ပိုတန်ဖိုးရှိလေလေပါပဲ ။ ဒါကြောင့် အချစ်ကို နားလည်တာဟာ အချိန်ပဲရှိပါတယ် ။ ကျန်တဲ့ ချမ်းသာကြွယ်ဝမှု ၊ ၀မ်းနည်းမှု ၊ ပျော်ရွှင်မှု ၊ အသိပညာတွေဟာ အချစ်ကို မကူညီနိုင်သလို ဘာမှ ဆုံးဖြတ်ချက်မပေးနိုင်ကြဘူး ။
အချိန်တွေကြာလာတာနဲ့အမျှ အချစ်ဆိုတာကိုလည်း သင်တို့ ပိုပြီးနားလည်လာနိုင်ကြပါလိမ့်မယ် ။
သက်တန့်ချို
Love and time အား ဘာသာပြန်ခံစားသည် ။
No comments:
Post a Comment